1 Year Apple Limited Warranty
+
1 Year Extended Warranty

mCare Warranty Card ပူးတွဲပါဝင်သော iPhone 13, iPhone 13 mini, iPhone 13 Pro နှင့် iPhone 13 Pro Max တို့အတွက် Apple (1) Year Limited Warranty သက်တမ်းကုန်ဆုံးချိန်မှ စတင်၍ Extended Warranty (၁) နှစ်ကို mCare မှ အထူးအစီအစဉ်အနေဖြင့် ထပ်မံပေးအပ်သွားပါမည်။


Extended Warranty ရရှိရန်အတွက် ဝယ်ယူသည့်နေ့မှ ရက် (၉၀) အတွင်း အောက်ဖော်ပြပါ Link မှတစ်ဆင့် သင်၏ iPhone အား မဖြစ်မနေ Register ပြုလုပ်ရန် လိုအပ်မည် ဖြစ်ပြီး၊ Apple One Year Limited Warranty သတ်မှတ်ချက်များအတိုင်းထပ်မံ၍ အကျိုးခံစားခွင့် ရရှိပါမည်။


Warranty Service လာရောက်ပြုလုပ်သည့်အချိန်တွင် mCare Warranty Card နှင့် Proof of Purchase (ဝယ်ယူခဲ့သည့် အထောက်အထား) ပြသရန် လိုအပ်ပါမည်။


Extended Warranty ကို mCare Apple Authorised Service Provider တွင်သာ Claim လုပ်နိုင်မည် ဖြစ်ပါသည်


http://mcareasia.com/extended-warranty-registration


Warranty တွင် မည်သည့်အရာများ အကျုံးမဝင်သနည်း?


ဤ Warranty တွင် Apple အမှတ်တံဆိပ် မဟုတ်သော မည်သည့် Hardware Product မဆို၊ မည်သည့် Software မဆို (Apple Hardware နှင့်အတူ ပူးတွဲရောင်းချခဲ့လျှင်ပင်) အကျုံးမဝင်ပါ။ Apple အမှတ်တံဆိပ် ပါဝင်သည်ဖြစ်စေ၊ မပါဝင်သည်ဖြစ်စေ Apple မှ ဖြန့်ချိသော Software များ (System Software အပါအဝင်) သည် ဤ Warranty တွင် အကျုံးဝင်ခြင်း မရှိပါ။ Apple Product အသုံးပြုမှုဆိုင်ရာ လမ်းညွှန်ချက်များကို မလိုက်နာခြင်းကြောင့် ဖြစ်ပေါ်လာသော ထိခိုက်ပျက်စီးမှုများအတွက် Apple မှ တာဝန်ယူမည် မဟုတ်ပါ။


အောက်ပါတို့အတွက် Warranty အကျုံးမဝင်ပါ၊


  • ပစ္စည်း သို့မဟုတ် ထုတ်လုပ်မှုဆိုင်ရာ ချွတ်ယွင်းချက်ကြောင့် Failure ဖြစ်ပေါ်လာခြင်းမှလွဲ၍ Battery သို့မဟုတ် Protective Coating ကဲ့သို့ အချိန်နှင့်အမျှ လျော့ပါးကုန်ဆုံးတတ်သည့် အစိတ်အပိုင်းများ
  • ပစ္စည်း သို့မဟုတ် ထုတ်လုပ်မှုဆိုင်ရာ ချွတ်ယွင်းချက်ကြောင့် Failure ဖြစ်ပေါ်လာခြင်းမှလွဲ၍ ခြစ်ရာ၊ အချိုင့်၊ အပွန်းအပဲ့ ဖြစ်ခြင်းနှင့် Port များအတွင်း ပလတ်စတစ် အကျိုးအပဲ့များ ဝင်ရောက်ခြင်းကဲ့သို့ အပြင်ပန်းထိခိုက်ပျက်စီးမှု
  • Apple Product ၏ Specifications များနှင့် ကိုက်ညီမှုမရှိသော Third Party အစိတ်အပိုင်း သို့မဟုတ် ပစ္စည်းများနှင့် တွဲဖက်အသုံးပြုခြင်းကြောင့် ဖြစ်ပေါ်လာသော ထိခိုက်ပျက်စီးမှု
  • မတော်တဆဖြစ်ခြင်း၊ အကြမ်းပတမ်း အသုံးပြုခြင်း၊ လွဲမှားစွာ အသုံးပြုခြင်း၊ မီးလောင်ခြင်း၊ အရည်နှင့် ထိတွေ့ခြင်း၊ ငလျင် သို့မဟုတ် အခြား ပြင်ပအကြောင်းရင်းများကြောင့် ဖြစ်ပေါ်လာသော ထိခိုက်ပျက်စီးမှု
  • Apple Product ကို အသုံးပြုရာတွင် Apple မှ ထုတ်ပြန်ထားသော လမ်းညွှန်ချက်များကို မလိုက်နာခြင်းကြောင့် ဖြစ်ပေါ်လာသော ထိခိုက်ပျက်စီးမှု
  • Apple ၏ Representative သို့မဟုတ် Apple Authorized Service Provider မဟုတ်သူ တစ်ဦးဦးမှ Upgrades နှင့် Expansions အပါအဝင် Service ပြုလုပ်ခြင်းကြောင့် ဖြစ်ပေါ်လာသော ထိခိုက်ပျက်စီးမှု
  • Apple ထံမှ စာဖြင့် ခွင့်ပြုချက်မရှိဘဲ Functionality သို့မဟုတ် Capability ပြောင်းလဲရန် Modify ပြုလုပ်ထားသော Apple Product
  • ဟောင်းနွမ်းယိုယွင်းမှု သို့မဟုတ် Apple Product ၏ သက်တမ်းကြာမြင့်မှုကြောင့် ဖြစ်ပေါ်လာသော ချွတ်ယွင်းချက်များ
  • Apple Product ပေါ်မှ Serial Number တစ်ခုခုကို ဖယ်ရှားဖျက်စီးထားခြင်း
  • Product သည် ခိုးရာပါပစ္စည်းဖြစ်ကြောင်း သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများထံမှ သိရှိရခြင်း၊ သို့မဟုတ် Apple Product ကို ပိုင်ရှင်ခွင့်ပြုချက်မရှိဘဲ အသုံးမပြုနိုင်အောင် တားဆီးပေးထားသော Passcode နှင့် အခြား Security အကာအကွယ်များကို Deactivate မပြုလုပ်နိုင်ခြင်းနှင့် Product ၏ ပိုင်ရှင်အစစ်အမှန်ဖြစ်ကြောင်း (ဥပမာ - ဝယ်ယူခဲ့သည့် အထောက်အထား) မဖော်ပြနိုင်ခြင်း