iPhone X Touch Issue

270672350_4931659406894872_2745035568567237669_n

MacBook Pro 15″ (Retina, Mid 2015) မှာ Battery အပူလွန်ကဲပြီး အန္တရာယ် ဖြစ်စေနိုင်တဲ့ Factory Error ရှိတတ်ပါတယ်။ ဒါပေမယ့် ဒီလို Error က အချို့သော MacBook Pro 15″ တွေမှာသာ ရှိတတ်တာကြောင့် ပြုပြင်လဲလှယ်ရန် လိုအပ်ခြင်း ရှိ/မရှိ ကို အောက်ပါ Link မှာ MacBook ရဲ့ Serial Number ဖြင့် စစ်ဆေးသိရှိနိုင်ပါတယ်။ https://support.apple.com/15-inch-macbook-pro-battery-recall Battery အခမဲ့ လဲလှယ်နိုင်ရန်အတွက် လိုအပ်တဲ့ အချက်များကတော့... ၁) September 2015 မှ February 2017 အတွင်း ထုတ်လုပ်ရောင်းချထားတဲ့ MacBook Pro 15″ (Retina, Mid 2015) ဖြစ်ရပါမယ်။ ၂) 1-Year Official Warranty ကျော်လွန်နေပါကလည်း အကျုံးဝင်ပါတယ်၊ Apple (သို့မဟုတ်) Apple Authorized Service Provider မဟုတ်တဲ့ အခြားဆိုင်များမှာတော့ ပြုပြင်ထားခြင်း မရှိရပါဘူး။ ၃) Battery လဲလှယ်ရန် လိုအပ်ကြောင်း Apple Authorized Service Provider မှ စစ်ဆေး အတည်ပြုရပါမယ်။ ဒီအချက်လေးတွေ ပြည့်စုံနေပြီ ဆိုရင်တော့ mCare - Apple Authorized Service Provider များမှာ Battery အခမဲ့ ပြုပြင်လဲလှယ်နိုင်ပါတယ် ခင်ဗျာ။ Diagnostics စစ်ဆေးပြီး Apple ရဲ့ သတ်မှတ်ထားတဲ့ စည်းကမ်းချက်များနဲ့ ကိုက်ညီမှုရှိရင် အခမဲ့ ပြုပြင်လဲလှယ်ပေးမှာပါ။ ပြုပြင်လဲလှယ်ဖို့အတွက် ဆိုင်ကို မလာခင် လူကြီးမင်းတို့ရဲ့ MacBook ကို Data Backup လုပ်ထားဖို့ မမေ့ပါနဲ့ဦးနော်။ အသေးစိတ် အချက်အလက်များကိုလည်း mCare - Apple Authorized Service Provider ဆိုင်ခွဲများကို ဆက်သွယ် မေးမြန်းနိုင်ပါတယ် ခင်ဗျာ။ mCare - Apple Authorized Service Provider

Overheat ဖြစ်နိုင်တဲ့ တချို့ MacBook Pro 15″ များအတွက် Battery အခမဲ့ လဲလှယ်ပါ!