iPhone X Touch Issue

272624514_4963265927067553_156388488718101641_n

iPhone X ရဲ့ Screen တစ်ခုလုံး / တစ်စိတ်တစ်ပိုင်း Touch မမိခြင်း (သို့မဟုတ်) ထိတွေ့မှုမရှိပဲ အလိုလို Touch မိနေခြင်း ကဲ့သို့ Touch Error (Factory Error) များ ဖြစ်နေပြီ ဆိုရင်တော့ mCare မှာ Display အခမဲ့ ပြုပြင်လဲလှယ်နိုင်ပါတယ်ဗျ။ Display အခမဲ့ လဲလှယ်နိုင်ရန်အတွက် လိုအပ်တဲ့ အချက်များကတော့... ၁) မြန်မာနိုင်ငံအတွက် Service Region ဝင်တဲ့ iPhone ဖြစ်ရပါမယ်။ ၂) ဝယ်ယူပြီး (၃) နှစ် အတွင်း ဖြစ်ရပါမယ်။ (Official Warranty ကျော်လွန်ပါကလည်း အကျုံးဝင်ပါတယ်။) ၃) Apple (သို့မဟုတ်) Apple Authorized Service Provider မဟုတ်တဲ့ အခြားဆိုင်များမှာ ပြုပြင်ထားခြင်း မရှိရပါဘူး။ ၄) မှန်ကွဲအက်ခြင်းကဲ့သို့ ထိခိုက်မှုများ ရှိမနေရပါဘူး။ အထက်ပါ အချက်များနဲ့ ပြည့်စုံနေပြီ ဆိုရင်တော့ mCare - Apple Authorized Service Provider ကို ဆက်သွယ် ပြုပြင်နိုင်ပါတယ် ခင်ဗျာ။ Diagnostics စစ်ဆေးပြီး Apple ရဲ့ သတ်မှတ်ထားတဲ့ စည်းကမ်းချက်များနဲ့ ကိုက်ညီမှုရှိရင် အခမဲ့ ပြုပြင်လဲလှယ်ပေးမှာပါ။ ပြုပြင်ဖို့အတွက် ဆိုင်ကို မလာခင် လူကြီးမင်းတို့ရဲ့ iPhone ကို Data Back Up နဲ့ iCloud Sign Out လုပ်ထားပေးဖို့ လိုပါတယ်ဗျ။ အသေးစိတ် အချက်အလက်များကိုလည်း mCare - Apple Authorized Service Provider ဆိုင်ခွဲများကို ဆက်သွယ် မေးမြန်းနိုင်ပါတယ် ခင်ဗျာ။ mCare - Apple Authorized Service Provider

iPhone X မှာ Touch Error ရှိနေရင် အခမဲ့ ပြုပြင်လိုက်ပါ!